Overblog All blogs
Edit post Follow this blog Administration + Create my blog
MENU
Advertising

ဘယ်လိုလူမျိုးကို ချစ်သင်သလဲ

Posted on October 17 2012 by aungkyaweainlay in aungkyaw

ဘယ်လိုလူမျိုးကိုချစ်သင့်ပါသလဲ…

မင်းကို စိတ်ပူတတ်တဲ့လူမျိုးကိုချစ်ပါ… မင်းကို စိတ်ပူစေတဲ့လူမျိုးကိုမချစ်မိပါစေနဲ့…

မင်းကို ပျော့ညံ့တဲ့ တဖက်ဝန်ခံရဲတဲ့သူကိုချစ်ပါ… ကိုယ့်ကိုယ်ကိုတော်တဲ့ကောင်းတဲ့ တဖက်ကိုဘဲ ပြနေတဲ့သူမျိုးကိုမချစ်မိပါစေနဲ့…

မင်းကို လက်တွဲမဲ့ သူကိုချစ်ပါ… နောက်ကျောကိုဘဲ အမြဲမြင်နေရမဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို လက်တွေ့ကျကျပြောနိုင်တဲ့သူကိုချစ်ပါ… လက်တွေ့မကျ အပြောကောင်းတဲ့သူကို မချစ်မိပါစေနဲ့…

မင်းရဲ့နာမည် အစစ်အမှန်သိတဲ့သူကိုချစ်ပါ… ဘေဘီလို့ဘဲ ခေါ်ဖို့သိတဲ့သူကိုမချစ်မိပါစေနဲ့…

ရိုးရှင်းတဲ့ သူတစ်ယောက်ကိုချစ်ပါ… သံယောဇဉ်များတဲ့သူကို မချစ်မိပါစေနဲ့…

သာမန်လူတစ်ယောက်ကိုချစ်ပါ… မီးအလင်းရောင်တွေနဲ့ တောက်ပနေတဲ့သူကိုမချစ်မိပါစေနဲ့…

မင်းစကားပြောတာကို နားထောင်နိုင်တဲ့သူကိုချစ်ပါ… မင်းကို တရားချမဲ့သူကိုမချစ်မိပါစေနဲ့…

ပွင့်လင်းတဲ့သူတစ်ယောက်ကိုချစ်ပါ… မှောင်ရိပ်တဖက်ကျနေတဲ့သူမျိုးကိုမချစ်မိပါစေနဲ့…

လိမ်ပြောတာကိုဝန်ခံရဲတဲ့သူကို ချစ်ပါ… ဖြေရှင်းချက်ပေးကောင်းတဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို ယုံကြည်တဲ့ သူတစ်ယောက်ကိုချစ်ပါ… ကိုယ့်အပေါ်သံသယများတဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို ဘာလိုလဲလို့မေးတဲ့သူကိုချစ်ပါ… ကိုယ်ဘာလိုချင်တာလို့မင်းကိုပြောတဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို ဂရုစိုက်နိုင်တဲ့သူကိုချစ်ပါ… ကိုယ်ကနေပြီးကောင်းကောင်းသတိထားရမဲ့သူမျိုးကို မချစ်မိပါစေနဲ့…

Advertising
Advertising
Comment on this post
Advertising